ဘင်္ဂလား အလုပ် အေဂျင်စီ ဥပဒေ တင်းကျပ်

  • 12 ဩဂုတ် 2013
Bangladesh worker
Image caption ပြည်ပရောက် ဘင်္ဂလား လုပ်သား ဘဝ ကြမ်းတမ်း

နိုင်ငံခြားမှာ အလုပ်အကိုင် ကောင်းကောင်း ရစေ့မယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေကို ဖျားယောင်း သွေးဆောင်တဲ့ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီ တွေကို ပြစ်ဒဏ် တင်းတင်း ကျပ်ကျပ် ချနိုင်တဲ့ ဥပဒေကြမ်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြုလိုက် ပါတယ်။

ဒါတွေယုံပြီး လိုက်လာတဲ့ ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေမှာ ဝင်ငွေ နည်းပါးတဲ့ အလုပ်တွေနဲ့ အလုပ် ပါမစ် မပြည့်စုံ မှု အခက်အခဲတွေ ကြုံတွေ့ ကြရပါတယ်။

အခု အတည်ပြု လိုက်တဲ့ ဥပဒေသစ် အရ ရွှေ့ပြောင်း အလုပ်သမား တွေ အတွက် စာရွက်စာတမ်း အတုလုပ်သူ ၊ လိမ်လည်သူ တွေကို အမြင့်ဆုံး ထောင် ၁ဝ နှစ် ချပြီး ဒေါ်လာ ၆ ထောင် ဒဏ်တပ်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇ သန်းကျော် ပြည်ပမှာ အလုပ်လုပ်ကိုင်ပြီး ပြန်ပို့တဲ့ ဝင်ငွေက ဒေါ်လာ ၁၄ ဘီလျံ ထိ မနှစ်က ရှိခဲ့တာမို့ တိုင်းပြည်အတွက် အများဆုံး အခွန်ဆောင် ပေးတဲ့ လုပ်ငန်းကြီး ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ