အသံထက် မြန်တဲ့ ပို့ဆောင်ရေး မိတ်ဆက်

  • 12 ဩဂုတ် 2013
hyperloop
Image caption အမေရိကန် ကုဋေကြွယ် သူဌေး Elon Musk

အသံထက် မြန်တဲ့ ပို့ဆောင်ရေး စနစ်နဲ့ လူတွေကို ပို့ဆောင်မယ့် အစီအစဉ် တခုကို အမေရိကန် တီထွင်သူ နဲ့ ကုဋေကြွယ် သူဌေး Elon Musk က အဆိုပြု လိုက်ပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး ပြွန်ခေါင်း ထဲကနေ မီးရှို့ လွှတ်လိုက်မယ့် ဖန်လုံးလို ယာဉ်ထဲမှာ လူတွေ ထိုင်လိုက် နိုင်တဲ့ စနစ်ကို PayPal ငွေကြေး ဝန်ဆောင်မှု နဲ့ လျှပ်စစ်ကား တွေ ဖန်တီး ထုတ်လုပ် ခဲ့တဲ့ Elon Musk က အဆိုပြု တာ ဖြစ်ပါတယ်။

Hyperloop စနစ် အရ Los Angeles နဲ့ San Francisco အကြား နာရီဝက်နဲ့ အရောက် ပို့ဆောင် နိုင်မယ်လို့ ဆိုပါတယ်။

အမြန် နှုန်းမြင့် ရထား စီမံကိန်း တခုကိုလည်း ဒီခရီး အတွက် အဆိုပြု ထားတာ ရှိပါတယ်။

ဒီရထားထက် သူ့နည်းက ပိုပြီး တွက်ခြေကိုက် လျင်မြန်တယ်လို့ မစ္စတာ Musk က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ