အီရတ် အိဒ်ပွဲချိန် အကြမ်းဖက်မှု လူ ၆၀ ကျော် သေ

  • 12 ဩဂုတ် 2013
Iraq, violence, bomb
Image caption အီရတ်မှာ ယခုနှစ် ဥပုသ်ထွက်ချိန်ဟာ နှစ်များစွာအတွင်း အသေအပျောက် အများဆုံးဖြစ်။

အီရတ်နိုင်ငံက အစ္စလာမ် ဘာသာဝင်တို့ရဲ့ ဥပုသ်လ ကုန်ဆုံးတဲ့ အိဒ်ပွဲတော်အတွင်း ဗုံးဆက်တိုက် ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူ ၆ဝ ကျော် သေဆုံးခဲ့ပါတယ်။

လူ ၃ဝဝ လောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဘဂ္ဂဒက် မြို့တော်မှာ အသေအပျောက် အများဆုံး ဖြစ်ပြီး ဥပုသ်ထွက်အချိန် လူတွေ စုဝေးနေကြတဲ့ စျေးတွေ၊ လက်ဘက်ရည် ဆိုင်တွေ၊ စားပွဲရုံတွေ အနားမှာ ချိန်ကိုက် ကားဗုံးတွေ ခွဲခဲ့တာလို့ ယူဆနေကြပါတယ်။

ရှီးယိုက်နဲ့ ဆွန်နီ မွတ်ဆလင် နှစ်မျိုးလုံး နေထိုင်ရာ ရပ်ကွက်တွေ ထိခိုက်ပျက်စီးတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဥပုသ်လ အတွင်း အီရတ်မှာ အဆိုးဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၆ဝ ကျော် သေဆုံးခဲ့ပါတယ်။