ဂျပန် ဆူနာမီ သင်္ကေတ သင်္ဘော ပြန်ဖြုတ်မည်

  • 13 ဩဂုတ် 2013
japan tsunami boat
Image caption ဆူနာမီ သင်္ကေတ ငါးဖမ်းလှေ ကျိုတိုကူမာရူ

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်က ဆူနာမီ ရိုက်ခတ်လို့ ကုန်တွင်း ပိုင်းကို ရောက်ရှိ လာခဲ့တဲ့ ငါးဖမ်းလှေ အကြီးစား တစ်စီးဟာ သဘာဝ ဘေး အန္တရာယ် ကြောင့် ပျက်ဆီး ခဲ့ရတဲ့ သင်္ကေတ အဖြစ် မြင်တွေ့ နေခဲ့ရာ ကနေ အခုတော့ ဒီသင်္ဘောကြီးကို တစ်စစီ ပြန်ဖြုတ် ပစ်တော့မှာ ဖြစ်ပါတယ်။

ကျိုတိုကူမာရူ လို့ နာမည် ပေးထားတဲ့ ဒီငါးဖမ်းလှေကြီးဟာ အင်အားပြင်း မြေငလျင်ကြောင့် ဆူနာမီ ရေလှိုင်းကြီး ရိုက်လို့ ကီဆန်နူနား ဆိပ်ကမ်း ကနေ ကုန်းတွင်း ပိုင်း တစ်ကီလိုမီတာ အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီ သဘာဝ ကပ်ဘေးကြီး ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မှာတော့ လူတွေဟာ တန်ချိန် ၃၀၀ ရှိတဲ့ ဒီသင်္ဘောကြီး ဆီကို သွားရောက် လည်ပတ်ခဲ့ပြီး ဆုတောင်း မှုတွေ၊ ပန်းစည်း ချတာတွေနဲ့ ဓာတ်ပုံရိုက် တာတွေကို ပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

အခုတော့ ဒီမြို့ခံ လူတွေဟာ ဒီသင်္ဘောကြီးကို တစစီ ပြန်ဖြုတ်ပစ်ဖို့ အတွက် မဲပေးခဲ့ကြပြီ ဖြစ်ပါတယ်။