ပါလက်စတိုင်း အကျဉ်းသားတွေကို အစ္စရေး ပြန်လွှတ်

Image caption လွတ်မြောက် အကျဉ်းသားတွေ ပျော်မြူး

အခု သီတင်းပတ် အတွင်း ပြန်ကျင်းပမယ့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ တစိတ်တပိုင်း သဘောတူညီချက် အရ ပါလက်စတိုင်း အကျဉ်းသားတွေကို အစ္စရေးက ပြန်လွှတ် ပေးခဲ့ပါတယ်။

ဒါဟာ သုံးနှစ်ကြာ ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ ကနဦး လှုပ်ရှားမှု တရပ်ဖြစ်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

Ayalon အကျဉ်းထောင်က ပထမဆုံး လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၂၆ ယောက်ကို တင်ဆောင်ထားတဲ့ ဘတ်စကားတွေ ထွက်ခွာလာတဲ့အခါ အစ္စရေး တချို့က ဆန္ဒပြမှုတွေ ရှိခဲ့ပြီး ဂါဇာနဲ့ အနောက်ဖက်ကမ်းမှာ လွတ်မြောက် အကျဉ်းသားတွေကို အခမ်းအနားနဲ့ ကြိုဆို ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် ကျင်းပမှာ ဖြစ်ပေမယ့် ပါလက်စတိုင်း အတော်များများကတော့ သူတို့ပိုင်နယ်ထဲ ဂျူးအခြေချ အိမ်ယာသစ်တွေ တိုးချဲ့ ဆောက်လုပ်မယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစ္စရေးရဲ့ ကြေညာချက်ကို သပိတ်မှောက်ဖို့ ဆော်သြထားပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကတော့ ပါလက်စတိုင်းတွေ ဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လုပ်ဖို့ ဆုံးဖြတ် ထားပြီးပြီလို့ ပြောပါတယ်။