ဂျူးအခြေချ အိမ်ယာသစ်တွေ ဆောက်မှုကြောင့် ဘန်ကီမွန်း စိတ်မသက်မသာဖြစ်

  • 16 ဩဂုတ် 2013
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ပါလက်စတိုင်း နယ်မြေထဲမှာ အစ္စရေးရဲ့ ဂျူးအခြေချ အိမ်ယာသစ်တွေ ဆက်လက် ဆောက်လုပ်နေတာကြောင့် သူ့အနေနဲ့ တကယ့်ကို စိတ်မသက်မသာ ဖြစ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

အရှေ့ဂျေရုဆလင်နဲ့ အနောက်ဖက်ကမ်း ဒေသတို့မှာ ဂျူးအခြေချ အိမ်ယာတွေကို အစ္စရေးက ဆက်လက် တိုးချဲ့ ဆောက်လုပ်နေတဲ့ အပေါ် အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်မိပြီး ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အစ္စရေးရဲ့ ကြိုးပမ်းမှု အပေါ် ယုံကြည်လေးစားမှု ရှိမှာ မဟုတ်ဘူးလို့ မစ္စတာဘန်က ရာမာလာမှာ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်နဲ့ အတူပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေသတွင်း မစ္စတာဘန်ရဲ့ ခရီးစဉ်ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင် ပြုလုပ်ခဲ့တဲ့ အစ္စရေး ပါလက်စတိုင်း တိုက်ရိုက် ဆွေးနွေးပွဲ ကျင်းပချိန်နဲ့ သွားတိုက်ဆိုင်နေပါတယ်။