ကိုင်ရိုက ဆန္ဒပြသူတွေ ရှိနေတဲ့ ဗလီကို ပစ်ပြီ

  • 17 ဩဂုတ် 2013
Image caption သောကြာနေ့ ညတုန်းကတော့ ဗလီထဲက လူတွေ ထွက်သွားကြဖို့ လုံခြုံရေးတွေက ပြောခဲ့ပါတယ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က အဲလ်ဖက်တီ ဗလီ ထဲမှာ ခိုအောင်း နေကြတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ထောက်ခံသူ လူ ၁၀၀ လောက်ကို လုံခြုံရေး တွေ ကနေ မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် ဖြိုခွင်း မှုတွေ ပြုလုပ် နေပြီ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ ကနေ အဓိက ဗလီ မျှော်စင် ဘက်ကို ပစ်ခတ် နေတာကို နိုင်ငံပိုင် ရုပ်သံကနေ ပြသသွား ပါတယ်။ ဒါပေမယ့်လို့ ဒါဟာ ဗလီထဲ ကနေ ပစ်ခတ် နေတာ ဖြစ်တယ်လို့ အစိုးရ ရုပ်သံဌာန ဖြစ်တဲ့ MENA က ပြောပါတယ်။

သောကြာနေ့ ညတုန်း ကတော့ စစ်သားတွေ ကနေ ဒီ ဗလီထဲ ဝင်ပြီးတော့ အထဲက လူတွေ ထွက်ကြဖို့ ပြောခဲ့ပါတယ်။ လူတွေ မထွက်ကြဖို့ ပြောတဲ့ လူ တချို့ ကိုတော့ လုံခြုံရေး တွေက ဖမ်းဆီးမှုတွေ လုပ်ခဲ့ ပါတယ်။

အာဏာပိုင် တွေဟာ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ထောက်ခံ သူတွေ အနေနဲ့ နောက်ထပ် စခန်းချ ဆန္ဒပြ တာတွေ ထပ် မလုပ်ရ လေအောင် အဆောက် အဦး အာလုံးကို ထိန်းထား နိုင်ဖို့ကို လုပ်ဆောင် နေတာလို့ ကိုင်ရို မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ