ဖိလစ်ပိုင် သင်္ဘောမှောက်မှု လူ ၂၀၀ ကျော် ပျောက်ဆုံး

  • 17 ဩဂုတ် 2013
ရေတွေ လှိမ့်ဝင်လာတာ တွေ့လို့ သင်္ဘောပေါ်က ခုန်ဆင်းခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေ ပြောပြ

ဖိလစ်ပိုင် နိုင်ငံ ဆာဘူး ကျွန်းနားမှာ ခရီးသည်တွေ အပြည့် တင်ဆောင် လာတဲ့ ကူးတို့ သင်္ဘော တစီး တိမ်းမှောက် သွားခဲ့ရာ ကနေ ပျောက်ဆုံး နေတဲ့ လူ ၂၀၀ ကျော်ကို ရှာဖွေ ရာမှာ ရာသီ ဥတုက ဆိုးတဲ့ အတွက် အခက် အခဲတွေ ဖြစ်နေပါတယ်။

လူပေါင်း ၆၀၀ ကျော်ကိုတော့ အသက်ရှင်လျက် ကယ်တင် နိုင်ခဲ့ပြီး၊ တခြား လူ ၃၀ ကျော် အလောင်းတွေ ကိုလည်း တွေ့ရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ကူးတို့ သင်္ဘော သောမတ်စ် အကွိုင်းနက်စ်ဟာ ကုန်တင် သင်္ဘော တစီးနဲ့ သောကြာနေ့ ညက တိုက်မိပြီး မိနစ် ပိုင်းမှာ ပဲ နစ်မြုပ် သွားခဲ့တာ ဖြစ်ပါတယ်။

ကမ်းခြေစောင့် လှေတွေ စစ်သင်္ဘောတွေ ရဟတ်ယာဉ်တွေနဲ့ လေယာဉ်ပျံ တွေပါ ဝိုင်းဝန်း ကူညီ ကယ်ဆယ် မှုတွေ ပြလုပ်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း လေပြင်း တွေတိုက်၊ လှိုင်းတွေ ထန်တာ ကြောင့် ကယ်ဆယ်ရေး လုပ်ငန်း တွေကို အဟန့် အတား ဖြစ်စေ ခဲ့တယ်လို့ အရာရှိ တွေက ပြောပါတယ်။

တချို့ ခရီးသည် တွေဟာ ဆိုရင် ကူးတို့ သင်္ဘောထဲမှာ ပိတ်မိ နေကောင်း ပိတ်မိ နေမယ်လို့ အရာရှိ တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ