ဆီးရီးယား ဒုက္ခသည် အီရတ်ထဲ ဝင်ရောက်လာမှု တိုးလာနေ

  • 19 ဩဂုတ် 2013
အီရတ် ဖက်ကို ပြေးလာတဲ့ ဆီးရီးယား ဒုက္ခသည် လူတန်းကြီး အစီအရီကို တွေ့ရပုံ

ဆီးရီးယား နိုင်ငံမြောက်ပိုင်းက ဒုက္ခသည်တွေ အီရတ်နိုင်ငံထဲ ဝင်ရောက်လာမှု အကြီးအကျယ် တိုးလာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ကာ့ဒစ်ရှ် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသထဲကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က စ ဝင်ရောက်လာတဲ့ ဒုက္ခသည် နှစ်သောင်းကျော် ရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လူမှု ကယ်ဆယ်ရေး အဖွဲ့တွေက ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင်ဖို့ မနည်း ရုန်းကန်နေရတယ်လို့ UNHCR က ဆိုပါတယ်။

ပြေးလာတဲ့ ဒုက္ခသည် အများစုဟာ ဆီးရီးယား မြောက်ပိုင်းမှာ ရှိတဲ့ ကာ့ဒစ်ရှ် မိသားစု တွေဖြစ်ပြီး အဲဒီဒေသမှာ အယ်ကိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေရဲ့ အကြမ်းဖက်မှု တိုးလာတာကြောင့် အခုလို ထွက်ပြေးလာတာလို့ ယူဆရပါတယ်။

ဒီလို လူတွေ အများအပြား ထွက်ပြေး လာတာဟာ ဆီးရီးယား ပဋိပက္ခ စဖြစ်ကတည်း ဆိုရင် ဒုက္ခသည် အုံနဲ့ကျင်းနဲ့ စုပြုံဝင်ရောက်လာမှု အများဆုံး ထဲက တခု ဖြစ်တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူက ဆိုပါတယ်။