တရုတ် ရေကြီးမှု လူ ၁၀၀ ကျော် သေဆုံး

  • 19 ဩဂုတ် 2013
china flood
Image caption လူ သိန်းနဲ့ချီပြီး ရေဘေးလွတ်ရာ ပြေးကြရ

တရုတ်နိုင်ငံ အရှေ့မြောက်နဲ့ တောင်ပိုင်းတွေမှာ မိုးများပြီး ရေကြီးခဲ့လို့ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သလို အပျက်အစီးလည်း ကြီးမားခဲ့ ပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ်တွေမှာ မြစ်တွေ ကျိုးခဲ့လို့ မြို့ထဲက လမ်းတွေပေါ်အထိ ရေတွေ တက် လာတာကြောင့် လူတွေ သိန်းနဲ့ချီပြီး ဘေးလွတ်ဖို့ ထွက်ပြေးခဲ့ရပါတယ်။

ဂွမ်ဒေါင်း ပြည်နယ်နဲ့ အနီးအနားက တောင်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ သတင်းပတ်က တိုင်ဖွန်းမုန်တိုင်း ဝင်ခဲ့ပြီးနောက်ပိုင်း မိုးတွေ ဆက်တိုက် ရွာနေခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း တချို့နေရာတွေမှာ မြေပြိုတာတွေ ဖြစ်ခဲ့သလို ရေဖုံးနေလို့ လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါတယ်။

ဂွမ်းဒေါင်းပြည်နယ်ထဲက ရွာသားတစ်ဦးကတော့ ရေတွေ ဆက်လက် တက်လာနေလို့ သူ အလွန် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။