ဆိုင်းနိုင်း ချောင်းမြောင်း တိုက်ခိုက်မှု ရဲ ၂၄ ဦး သေ

  • 19 ဩဂုတ် 2013
egypt_sinai
Image caption ဆိုင်းနိုင်းကျွန်းဆွယ် အတွင်းလုံခြုံရေး တိုးချထား

အီဂျစ် နိုင်ငံက ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ချောင်းမြောင်း တိုက်ခိုက် ခံခဲ့ရလို့ ရဲ ၂၄ ဦး သေဆုံး ခဲ့ရတယ်လို့ အီဂျစ် လုံခြုံရေး အာဏာပိုင် တွေက ပြောပါတယ်။

ရာဖာ မြို့ပြင်ဘက်မှာ ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ ဘတ်စကားကို အစ္စလာမ်မစ် စစ်သွေးကြွလို့ ယူဆ ရသူတွေက အလစ်ဖမ်း တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ အခင်းဖြစ်တဲ့ နေရာကို ရောက်ခဲ့တဲ့ ပါလက်စတိုင်း သတင်းထောက် အာဆတ် ဆူအီလန်က - ကား ၂ စင်းလုံးကို ဂျီဟတ် တိုက်ခိုက်ရေး သမားတွေက ရပ်ခိုင်းပြီး ကားပေါ် ကနေ လုံခြုံရေး တပ်ဖွဲ့ဝင် တွေကို ဆင်းခိုင်းကာ လမ်းပေါ်မှာ မှောက်ထား စေခဲ့တယ်၊ ပြီးမှ နောက်ကနေ ခေါင်းကို သေနတ်နဲ့ ပစ်သတ် ခဲ့တာ ဖြစ်တယ်လို့ သူသိရသလောက် သတင်း အချက်အလက် တွေကို ပြောပြ သွားခဲ့ပါတယ်။

အဲဒါကြောင့် ဆိုင်းနိုင်း ကျွန်းဆွယ်ထဲမှာ လုံခြုံရေးတွေလည်း တိုးမြှင့် ထားလိုက် သလို ရာဖာမြို့ ကနေ ဂါဇာ ဘက်ကို သွားတဲ့ နယ်စပ် ဖြတ်ကျော်တဲ့ နေရာ ကိုလည်း ပိတ်ထား လိုက်ပါတယ်။

ပြီးခဲ့တဲ့ လက မိုဟာမက် မော်ဆီကို ဖြုတ်ချ ခဲ့အပြီးမှာ ဆိုင်းနိုင်း ကျွန်းဆွယ် ဒေသထဲမှာ စစ်သွေးကြွ တွေရဲ့ တိုက်ခိုက် မှုတွေ တိုးလာ နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်း ၆ ပတ် လောက် အတွင်းမှာတင် လုံခြုံရေး အရာရှိ ပေါင်း ၇၀ ကျော်နဲ့ အဲဒီ အရေအတွက်နဲ့ ထပ်တူလောက် ရှိတဲ့ အီဂျစ် စစ်ဘက် အခေါ်အရ အကြမ်းဖက် သမားတွေလည်း သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ