အီဂျစ် အရေး အီးယူ ဆွေးနွေး

  • 19 ဩဂုတ် 2013
eu_meeting
Image caption အီဂျစ်အရေး အီးယူ ဆွေးနွေး

ဥရောပ သမဂ္ဂ (အီးယူ)အဖွဲ့ဝင် နိုင်ငံ တွေဟာ အီဂျစ်က အခြေအနေတွေကို အီးယူဘက်က ဘယ်လို တုံ့ပြန် မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘရပ်ဆဲလ် မြို့မှာ ဆွေးနွေး နေကြပါတယ်။

အီးယူဟာ အီဂျစ်ကို စစ်ရေးနဲ့ မပတ်သက်တဲ့ ကိစ္စတွေမှာ အများဆုံး အကူအညီပေး လှူဒါန်း နေတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် နိုင်ငံတချို့က အီဂျစ်မှာ အခုလို အကြမ်းနည်း သုံးလို့ ဖြေရှင်း နေတာ တွေကို အီးယူ ဘက်က သဘောမကျတဲ့ အကြောင်း သတင်း စကား တခုကို ရှင်းရှင်း လင်းလင်း ပြောကြားဖို့ လိုအပ် နေပြီလို့ ယုံကြည် နေကြတဲ့ အကြောင်း အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တဘက်မှာလည်း အီးယူ အနေနဲ့ အီဂျစ်နဲ့ အဆက်အဆံ မပြတ်ဖို့ အရေးကိုလည်း စိုးရိမ် နေကြပါတယ်။

လာမယ့် ဗုဒ္ဓဟူး နေ့မှာလည်း အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံ စလုံးက နိုင်ငံခြားရေး ဝန်ကြီး တွေဟာ အီဂျစ်နဲ့ ဆက်ဆံ ရေးတွေနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ပြုလုပ်သွားဖို့ စီစဉ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ