အိန္ဒိယမှာ ရထားတိုက်လို့ ဘုရားဖူး ၃၅ ဦးသေ

  • 19 ဩဂုတ် 2013
india bihar train
Image caption ဒေါသထွက်နေတဲ့ လူအုပ်က ရထားတွဲတွေကို မီးတင်ရှို့

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘီဟာ ပြည်နယ်ထဲမှာ ရထား တိုက်လို့ လူပေါင်း ၃၅ ယောက်ထက် မနည်း သေဆုံးသွားပါတယ်။

အများစုကတော့ ဟိန္ဒူ ဘာသာဝင် ဘုရားဖူးတွေ ဖြစ်ကြပါတယ်။ ဘုရားဖူးတွေက ဘူတာရုံမှာ ရထားလမ်းတွေကို အဖြတ်မှာ အခုလို ဝင်တိုက်မိတာ ဖြစ်ပါတယ်။

လူဒါဇင်ပေါင်း များစွာလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို သေဆုံးခဲ့သူ အရေအတွက်ဟာလည်း တိုးလာ နိုင်တယ်လို့ သိရပါတယ်။

အဲဒီ အဖြစ်အပျက်ကြောင့် စိတ်ဆိုး ဒေါသထွက် နေကြတဲ့ လူအုပ်ကြီးက ရထားတွဲတွေကိုလည်း မီးတင်ရှို့ ခဲ့ကြသလို ပထနာ မြို့တော်က ကီလိုမီတာ ၁၈၀ အကွာက ဓမ္မရာဂတ် မြို့လေးရဲ့ ဘူတာရုံကိုလည်း ဖျက်စီး ပစ်ခဲ့ပါတယ်။

အဲဒီ အနီးက ဟိန္ဒူ ဘုရားဖူးတွေ အလာများကြတဲ့ ဘုရားကျောင်းမှာ ကျင်းပတဲ့ ဘာသာရေးပွဲက ပြန်လာကြစဉ်မှာ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။