ဘရာဇီး နိုင်ငံသားကို ဗြိတိန်က ဖမ်းဆီး ထိန်းသိမ်းခဲ့တာဟာ တရားမျှတမှု မရှိဘူးလို့

Image caption သတင်းထောက် Grenn Glandwald ( ဝဲ)နဲ့ သူ့ရဲ့ ချစ်သူ David Miranda ( ယာ ) တို့ကို အတူတွေ့ပုံ

လန်ဒန်လေဆိပ်မှာ ဘရာဇီး နိုင်ငံသား တယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာဟာ တရားမျှတမှု မရှိဘူးလို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး William Hague ဝီလီယမ် ဟိတ်ခ် ကို ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီး Antonio Patriota က ပြောပါတယ်။

ဘရာဇီး နိုင်ငံသား David Miranda ကို အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေနဲ့ သူမှာပါတဲ့ ကိရိယာ ပစ္စည်းတွေနဲ့ အတူ ကိုးနာရီကြာ လန်ဒန် လေဆိပ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီး အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်သွားဖို့ သဘောတူ ပေမယ့် ဒီကိစ္စဟာ ရဲနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဗြိတိသျှ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ မရန်ဒါဟာ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ် စနိုင်ဒင်ရဲ့ အဆက်အသွယ်နဲ့ အမေရိကန် အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချပေးနေတဲ့ သတင်းထောက် ဂလန်း ဂရင်းန်ဝါးလ်ဒ် ရဲ့ Partner ဖြစ်ပါတယ်။