စရောင်းတဲ့ ၇ နာရီအတွင်း ကမ္ဘာဖလား ဘောလုံးပွဲ လက်မှတ် တသန်းကုန်

  • 21 ဩဂုတ် 2013
Image caption ဘရာဇီး ကမ္ဘာဖလား ဘောလုံး လက်မှတ် အတွက် ရင်ခုန် နေသူ တဦး

ဘရာဇီးမှာ နောက်နှစ်ကျရင် ကျင်းပမယ့် ကမ္ဘာဖလား ဘောလုံးပွဲ လက်မှတ်တွေကို စရောင်းစဉ် ပထမ ၇ နာရီ အတွင်းမှာတင် သူတို့ ဝက်ဘ်ဆိုက်ထ် ပေါ်ကနေ လက်မှတ် ဝယ်လိုကြောင်း လျှောက်ထားသူ တသန်းကျော် ရှိတယ်လို့ ကမ္ဘာ ဘောလုံး အဖွဲ့ချုပ် ဖီဖာက ပြောပါတယ်။

ဝယ်လိုသူ အများစုဟာ ဘရာဇီး နိုင်ငံသားတွေ ဖြစ်ပေမယ့် အာဂျင်တီးနား ၊ အမေရိကန် ပြည်ထောင်စု ၊ ချီလီနဲ့ ဗြိတိန်က ဘောလုံး ဝါသနာအိုးတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ကစားမယ့် ဖွင့်ပွဲနဲ့ ရီယိုဒီ ဂျနဲရိုးမြို့က မာရာကားနား ဘောလုံးကွင်းမှာ ကစားမယ့် ဗိုလ်လုပွဲတွေဟာ လူကြိုက် အများဆုံး ပွဲစဉ်တွေ ဖြစ်ပါတယ်။

ဘောလုံး ဝါသနာ အိုးတွေ အနေနဲ့ အောက်တိုဘာ ၁ဝ ရက်နေ့ အထိ ပွဲစဉ် လက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူနိုင်ကြောင်း သိရပါတယ်။