အီဂျစ် ပဋိပက္ခ အီးယူ ဆွေးနွေးဆဲ

  • 21 ဩဂုတ် 2013
EU foreign policy chief
Image caption ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး ပေါ်လစီရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်

အီဂျစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဘယ်လို တုန့်ပြန် ဖြေရှင်းကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေ ဘရပ်ဆဲလ်စ် မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

စစ်တပ် ထောက်ခံအားပေးတဲ့ အစိုးရရဲ့ လက်ထဲမှာ မွတ်ဆလင် ညီနောင်များ ပါတီကို ထောက်ခံအားပေး သူတွေ ရာနဲ့ချီ သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ အရေးယူပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်နေပြီး EU အနေနဲ့ အီဂျစ်နိုင်ငံကို ပေးနေတဲ့ ဘီလျံပေါင်းများစွာ တန်တဲ့ အကူအညီတွေကို ဖြတ်တောက်သင့်တယ်လို့ EU နိုင်ငံ ဝန်ကြီးတချို့က ပြောထားပါတယ်။

ဒါပေမယ့်လည်း ဒီလို လုပ်ခြင်းအားဖြင့် အီဂျစ်နိုင်ငံမှာ EU ရဲ့ သြဇာ လွှမ်းမိုးမှု လျော့ပါးသွားနိုင်တယ် ဆိုတဲ့ သတိပေးမှုတွေ ရှိနေပြီး အထူးသဖြင့် အဲဒီ လစ်လပ်သွားတဲ့ အကူအညီတွေကို ဆော်ဒီအာရေဗျနဲ့ ပင်လယ်ကွေ့နိုင်ငံတွေက အစားထိုး ဖြည့်ဆည်း ထောက်ပံ့ပေးဖို့ ကမ်းလှမ်းထားတာမျိုးတွေကလည်း ရှိနေပါတယ်။

အမေရိကန် အစိုးရ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း အီဂျစ်နိုင်ငံကို ပေးနေတဲ့ အကူအညီ စီမံကိန်းကို လျှော့ချသင့် မသင့် ဆွေးနွေးတိုင်ပင်နေကြပါတယ်။