ဘရဒ်လေမန်းနင်းကို လွတ်ငြိမ်းခွင့် ပေးဖို့ သူ့ရှေ့နေတောင်းဆို

  • 22 ဩဂုတ် 2013
manning
Image caption လျှို့ဝှက်ချက်တွေ ပေါက်ကြားစေခဲ့တဲ့ ဘရဒ်လေ မန်နင်း

ဝစ်ကီလိခ် ဝက်ဘ်ဆိုက်ကို လျှို့ဝှက် သတင်း အချက်အလက်တွေ ပေါက်ကြား စေခဲ့မှုနဲ့ ထောင်ဒဏ် ၃၅ နှစ် အပြစ်ပေး ခံခဲ့ရတဲ့ အမေရိကန် စစ်သား ဘရဒ်လေ မန်းနင်းကို လွတ်ငြိမ်းခွင့် ပေးဖို့ အတွက် သူ့ရဲ့ ရှေ့နေက သမ္မတ အိုဘားမားကို တောင်းဆိုလိုက်ပါတယ်။

သူက အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒီလို သတင်းဖြန့်ဝေ ပေးသူတွေကို ကာကွယ်ဖို့ လိုတယ် ပြီးတော့ တက်ကြွ လွတ်လပ်တဲ့ သတင်း လောကလည်း ရှိဖို့ လိုတယ်လို့ ပြောပါတယ်။

တပ်သား မန်းနင်းရဲ့ ရှေ့နေဖြစ်တဲ့ ဒေးဗစ် ကူမ်းစ်က တပ်သားမန်းနင်းဟာ မဟုတ်မခံ သတ္တိရှိတဲ့ အမေရိကန် တွေထဲက တယောက်၊ ပြုပြင် ပြောင်းလဲမှု တွေနဲ့ သုံးသပ်မှုတွေ ပြုလုပ်ဖို့ လိုမယ့် အချက်အလက် တွေကိုသူ ပေးခဲ့တယ်၊ ကမ္ဘာကြီးကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့် အချက်အလက် တွေကို ဝေမျှခဲ့သူ ဖြစ်ပြီး အဲဒီအတွက် သူ့ကို သစ္စာဖောက် တယောက်အဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောသွား ခဲ့ပါတယ်။

တပ်သား မန်းနင်းကို ပြီးခဲ့တဲ့လ အတွင်းက သူလျှိုမှုနဲ့ အချက်အလက် ခိုးယူမှုတွေနဲ့ အပြစ်ရှိကြောင်း စစ်ခုံရုံးကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မန်းနင်းဟာ အီရတ်မှာ တာဝန် ထမ်းဆောင် ခဲ့စဉ်က အခုလို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ခုံရုံးက စီရင်ချက် ချတုန်းကတော့ သူက ဘာမှ တုန်လှုပ်တဲ့ ပုံစံမျိုး မပြခဲ့ဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ