ဟော့စနီ မူဘာရက်ကို တရားရုံးက လွှတ်ပေးလိုက်

  • 22 ဩဂုတ် 2013
hosni_mubarak

အီဂျစ် သမ္မတဟောင်း ဟော့စနီ မူဘာရက်ကို အဂတိ လိုက်စားမှု စွဲချက် တွေနဲ့ တရားရုံးက စစ်ဆေးခဲ့ အပြီးမှာ လွှတ်ပေး လိုက်ပါတယ်။

ဒါပေမယ့် သူ့ကို နေအိမ် အကျယ်ချုပ် ဆက်ထားသွား မယ်လို့လည်း သိရပါတယ်။

အခု အမိန့်ကိုတော့ စစ်တပ် အရာရှိ တဦးက ထုတ်ပြန် ပေးခဲ့တာ ဖြစ်ပါတယ်။ တရားသူကြီး တွေက သူ့ရဲ့ အကျင့်ပျက်မှု စွဲချက် တွေထဲက နောက်ဆုံး စွဲချက်ကို ကြားနာ ခဲ့အပြီးမှာ လွှတ်ပေးဖို့ အတွက်ကို တရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

တရားလို ရှေ့နေတွေဘက်ကတော့ ဒီကိစ္စအတွက် အယူခံ မဝင်ဘူးလို့လည်း သိရပါတယ်။ အရင်သမ္မတဟောင်း မစ္စတာ မူဘာရက်ရဲ့ ရှေ့နေကတော့ သူ့ကို ကြာသပတေး နေ့မှာတင် ထောင်က လွှတ်ပေး နိုင်မယ်လို့ ဆိုနေပါတယ်။

အသက် ၈၅ နှစ် ရှိနေပြီ ဖြစ်တဲ့ မစ္စတာ မူဘာရက်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ က ဖြစ်ခဲ့တဲ့ လူထု အုံကြွမှုကြီးမှာ ဆန္ဒပြသူတွေ သေဆုံး ခဲ့ရမှုမှာ ပါဝင် ပတ်သက်မှုနဲ့ စွဲဆို ထားချက်တွေကို ဆက်လက် ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ