အာဆင်းနစ် တိုင်းတာနည်းသစ် တွေ့ပြီ

  • 23 ဩဂုတ် 2013
arsenic hands
Image caption အာဆင်းနစ် ပါတဲ့ရေကို သောက်သုံးမိရင် ကျန်းမာရေးကို ဆိုးရွားစွာ ပျက်စီးစေနိုင်

ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တဲ့ အာဆင်းနစ် အဆိပ်သင့်တဲ့ ဒေသတွေမှာ တိုင်းတာနိုင်တဲ့ နည်းသစ် တခုကို သိပ္ပံ ပညာရှင်တွေက တီထွင်ခဲ့ပါတယ်။

တွေ့ရှိရတဲ့ ကျောက်အမျိုးအစား၊ သက်တမ်းနဲ့ ရေတွင်း ရေအိုင်တွေက ရတဲ့ အချက်တွေကို မူတည်ပြီး အဆိပ်သင့်မှုကို မှန်းဆနိုင်တယ်လို့ သိရပါတယ်။

တရုတ်နဲ့ ဆွစ်ဇလန်က သိပ္ပံပညာရှင်များရဲ့ တွေ့ရှိချက်ကို Science သိပ္ပံဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက လူ သန်း ၂၀လောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသန်းပေါင်းများစွာဟာ အာဆင်းနစ် အဆိပ်သင့်ရေတွေ သောက်သုံးမိနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။