ဟစ်ဇဘိုလာ အရာရှိလေးယောက် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုခံရ

  • 23 ဩဂုတ် 2013
Image caption ဟစ်ဇဘိုလာ တပ်ဖွဲ့ ချီတက်လာပြီ

လက်ဘနွန် အခြေစိုက် ဟစ်ဇဘိုလာ စစ်သွေးကြွ အဖွဲ့ရဲ့ ထိပ်ပိုင်း အရာရှိလေးယောက်ကို အမေရိကန် ဘဏ္ဍာရေး ဌာနက ငွေကြေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခါလစ် ဟာ့ဘ် ၊ မိုဟာမက် ကော်သာရာနီ ၊ မိုဟာမက် ယူစွပ်ဖ် အာမက် မက်ဆူးနဲ့ မိုဟာမက် ကိုဘလန် တို့ဟာ အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ ကြံစည်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

ဟစ်ဇဘိုလာ အဖွဲ့ကို ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဆီးရီးယား အရေးမှာ ဟစ်ဇဘိုလာ အဖွဲ့ က ဝင်ရောက် စွပ်ဖက်ခဲ့ ပြီးတဲ့နောက် ပြီးခဲ့တဲ့ လတုန်းက ဥရောပ သမဂ္ဂ က ဟစ်ဇဘိုလာကို အကြမ်းဖက် အဖွဲ့အဖြစ် နာမယ်ပျက် စာရင်း သွင်းခဲ့တာ ဖြစ်ပါတယ်။