ဆီးရီးယား ဒုက္ခသည် ကလေးငယ် ၁ သန်း ရှိ

  • 23 ဩဂုတ် 2013
syria child refugee
Image caption ကလေးဒုက္ခသည် အများစုမှာ အသက် ၁၁ နှစ်အောက်တွေ ဖြစ်ကြပါတယ်

ဆီးရီးယား ပြည်တွင်းစစ်က ထွက်ပြေးလာတဲ့ ကလေး အရေအတွက် တစ်သန်း ရှိသွားပြီလို့ ကုလသမဂ္ဂ ကူညီရေး အဖွဲ့တွေက ပြောကြား ပါတယ်။

ဒါဟာ အရှက်ရစရာ ဖြစ်ရပ်ကြီး ဖြစ်ကြောင်း၊ ဒုက္ခသည်တွေအတွက် လိုအပ်မှု ပြည့်စုံအောင် ကြိုးစား ဖန်တီးပေးနေတယ်လို့လည်း ပြောဆိုပါတယ်။

ဆီးရီးယား အနာဂတ် တိုင်းပြည်ကို ပြန်လည်ထူထောင်မယ့် မျိုးဆက်တစ်ဆက် ပျက်စီး ပျက်သုဉ်းနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ကလေး ဒုက္ခသည် အရေအတွက်ရဲ့ ၄ ပုံ ၃ ပုံက အသက် ၁၁ နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြပါတယ်။

မိသားစုတွေ သေဆုံးပြီး နေအိမ်တွေ ဗုံးကျ ပျက်စီးတာ မြင်ခဲ့ရတဲ့ ကလေးငယ် အများစုမှာ စိတ်ဒဏ်ရာတွေ ရထားကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ