ထရီပိုလီ ပေါက်ကွဲမှု လူ ၄ဝ ကျော် သေဆုံး

  • 23 ဩဂုတ် 2013
tripoli explosion
Image caption Al-Taqwa ဗလီအနီးက ပေါက်ကွဲမှု

လက်ဘနွန်နိုင်ငံ မြောက်ပိုင်းက ထရစ်ပိုလီ ဆိပ်ကမ်းမြို့ရဲ့ ဗလီတွေအနီးမှာ ပေါက်ကွဲမှုကြီး ၂ ခု ဖြစ်ပွားလို့ လူ ၄ဝ ကျော် သေဆုံးပြီး အမြောက်အများ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မြို့ပေါ်မှာ မီးခိုးလုံးကြီးတွေ မည်းတက်လာတဲ့ ပုံတွေကို ရုပ်သံသတင်းကနေ မြင်ရပါတယ်။

သောကြာနေ့ ဝတ်ပြု ဆုတောင်းပြီးချိန်မှာ အဓိက ဆွန်နီ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တစ်ယောက်ကို လုပ်ကြံဖို့ ပစ်မှတ်ထား ဖောက်ခွဲပုံ ရတယ်လို့ လက်ဘနွန်က ဘီဘီစီ သတင်းထောက်က ပြောဆိုပါတယ်။

ဆီးရီးယား အစိုးရကို ခုခံ တိုက်ခိုက်ကြဖို့ ဆွန်နီ ခေါင်းဆောင် Salem Raf'ee က ဒေသခံ တွေကို တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။

အရင်ပတ်ကလည်း ဘေရွတ် မြို့တော်က ရှီအာ မွတ်ဆလင် ရပ်ကွက်မှာ ကားဗုံးကြီး ပေါက်ကွဲပြီး ၂၇ ယောက် သေဆုံးခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ