Fort Hood ပစ်ခတ်မှု ကြားနာ စစ်ဆေး

  • 24 ဩဂုတ် 2013
Image caption စစ်ဖက်ဆိုင်ရာ စိတ်ရောဂါ ဆရာဝန် နဒါး ဟတ်ဆန်

အမေရိကန် တက္ကဆက် ပြည်နယ် စစ် အခြေစိုက် စခန်းတခုမှာ လူ၁၃ယောက် သေဆုံးခဲ့ရပြီး ၃ဝ ကျော် ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံခဲ့တဲ့ စစ်ဖက်ဆိုင်ရာ စိတ်ရောဂါ ဆရာဝန်ဟောင်း ဗိုလ်မှူး Nidal Hasan ဟာ စွဲချက် အားလုံးအတွက် အပြစ်ရှိတယ်လို့ တရားခွင်မှာ စီရင်ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီ ပစ်ခတ်မှုဟာ ၂ဝဝ၉ ခုနှစ်တုန်းက Fort Hood စစ်အခြေစိုက် စခန်းမှာ ဖြစ်ခဲ့တာပါ။

ဒီအမှုကို Fort Hood မှာ စစ်ခုံရုံးနဲ့ ကြားနာခဲ့ရာမှာ သူ့အတွက် ရှေ့နေ ခေါ်ယူဖို့ မစ္စတာ ဟတ်ဆန်က ငြင်းပယ်ခဲ့ပြီး သူ့ဖာသာသူ ခုခံကာကွယ် ချေပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရားခွင်မှာ စစ်ဆေးမှုဟာ သက်သေ အထောက်အထားလည်း မရှိ ၊ ထွက်ချက်ပေးသူလည်း မရှိဘူးလို့ သူက ပြောပါတယ်။

ဗိုလ်မှူး ဟတ်ဆန် ဟာ အမေရိကန်ဖွား မွတ်ဆလင် တယောက် ဖြစ်ပြီး အာဖဂန် နစ္စတန်မှာ သွားရောက် တာဝန် ထမ်းဆောင်ဖို့ ပြင်နေတဲ့ အမေရိကန် တပ်သားတွေ စုဝေးနေရာ လူအုပ်ထဲကို တည့်တည့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒါဏ် ချမှတ်မှု ဆိုင်ရာ ကြားနာ စီရင်မှုကို မကြာခင် အချိန် အတွင်း ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။