ဘိုရှီလိုင်ကို ဆက်လက် စစ်ဆေး

  • 24 ဩဂုတ် 2013
Image caption လူသတ်မှုမှာ ဂူကိုင်လိုင် ပါတယ်လို့ ပြောတာ ကို ဘိုရှီလိုင်က ရဲအရာရှိကို လက်သီးနဲ့ ထိုး တယ်လို့ဆို

တရုတ် ထိပ်တန်း ခေါင်းဆောင်ဟောင်း တဦး ဖြစ်သူ ဘိုရှီလိုင်ရဲ့ အမှုကို ကြားနား ရာမှာ ဗြိတိသျှ လုပ်ငန်းရှင် နေးဟေးဝုဒ် အသတ်ခံ ရတဲ့ အကြောင်း အသေးစိတ် မေးမြန်း မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

မစ္စတာ ဘိုရဲ့ ဇနီး ဂူကိုင်လိုင် ဟာ ဒီလုပ်ငန်းရှင်ကို သတ်ဖြတ် ခဲ့တယ် ဆိုပြီး အပြစ်ရှိ ကြောင်း စီရင်ချက် ချပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရဲအရာရှိချုပ် ဝမ်လီဂျွန်ရဲ့ အမှု ဆင်တာကို ခံလိုက် ရတာ ဖြစ်တယ်လို့ သူ့ဇနီးက ပြောကြောင်း မစ္စတာ ဘိုက ထွက်ချက် ပေးခဲ့ ပါတယ်။

ရဲချုပ် ဝမ်ကတော့ ဒီလူသတ်မှုမှာ ဂူကိုင်လိုင် ပါဝင် နေတယ်လို့ ပြောတာကို ဘိုရှီလိုင်က သူ့ကို လက်သီးနဲ့ ထိုးတယ်လို့ သက်သေ ထွက်ဆို ပါတယ်။

တရားရုံး ပြောခွင့်ရသူ ကတော့ အစိုးရ စီမံကိန်း တခုက ယွမ်ငွေ ၅ သန်း အလွဲသုံးစား လုပ်မှုနဲ့ တရားခံ ဘိုရှီလိုင်ကို ဆက်လက် စစ်ဆေး မှုတွေ လုပ်ခဲ့တာ ဖြစ်တယ် လို့ ကြေညာ သွား ပါတယ်။

မစ္စတာ ဘိုဟာ အဂတိ လိုက်စားမှု အာဏာ အလွဲသုံးစား လုပ်မှုတွေနဲ့ စွဲချက်တင် ခံနေ ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ