အီဂျစ် သမ္မတဟောင်း မူဘာရက်ကို ကြားနာ စစ်ဆေး

  • 25 ဩဂုတ် 2013
Image caption အမှုကို လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကို ရက်ချိန်း ပြန်ပေးလိုက် ပါတယ်

အီဂျစ် သမ္မတဟောင်း ဟော့စနီ မူဘာရက်ကို အကျဉ်းထောင် ကနေ ပြန်လွှတ်ပေး လိုက်ကာ နေအိမ် အကျယ်ချုပ် ထားရှိခဲ့ပြီးနောက် ရက်ပိုင်း အတွင်းမှာပဲ သူ့အမှုကို ပြန်လည် စစ်ဆေးခဲ့ရာ မစ္စတာ မူဘာရက်ကို တရားရုံးမှာ ပြန်တွေ့ခဲ့ရ ပါတယ်။

သူနဲ့ အတူ သူ့သားနှစ်ဦး အပြင် တခြား ထိပ်တန်း အရာရှိဟောင်း တွေကို ၂၀၁၁ ခုနှစ်က လူထု အုံကြွမှု အတွင်း ဆန္ဒပြ သူတွေကို သတ်ဖြတ် မှုမှာ ပါဝင် ပတ်သက် တယ် ဆိုတဲ့ စွဲချက်တွေနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

အဲဒီတုန်းက လူထု အုံကြွမှုတွေကြောင့် မစ္စတာ မူဘာရက်လည်း သမ္မတ ရာထူး ကနေ ပြုတ်ကျ သွားခဲ့ ရတာ ဖြစ်ပါတယ်။

ကြားနာပြီးနောက် အမှုကို လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကို ရက်ချိန်း ပြန်ပေးလိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ