သီရိလင်္ကာ သတင်းစာ ဆရာမ ခြိမ်းခြောက်ခံရ

  • 25 ဩဂုတ် 2013
sri lanka media
Image caption သီရိလင်္ကာ သတင်း သမား တိုက်ခိုက်မှုတွေ ကန့်ကွက်

သီရိလင်္ကာ အစိုးရကို ဝေဖန်တဲ့ သတင်းစာ ဆရာမ တယောက်ကို အိမ်တိုင် ရာရောက် ထိပါး ခြိမ်းခြောက်မှုနဲ့ မပတ်သက်ဘူးလို့ သီရိလင်္ကာ စစ်တပ်က ငြင်းဆို ခဲ့ပါတယ်။

တနင်္ဂနွေ ခေါင်းဆောင် သတင်းစာ လက်ထောက် အယ်ဒီတာ မန္ဒနာ အစ္စမေ အဘိဝိခရမ အိမ်ကို စနေနေ့က စစ်သားဟောင်း ၂ ယောက် ပါတဲ့ လက်နက်ကိုင် လူ ၅ ယောက် ဝင်လာပြီး သူ့ကို ဓားနဲ့ထောက်ပြီး အိမ်ကို မွှေနှောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

အိမ်ဝင်စီးသူ တယောက်ကို ရဲက ပစ်သတ် ခဲ့ပြီး ကျန်တဲ့သူ တွေကို ဖမ်းမိခဲ့ ပါတယ်။

ဓားပြဂိုဏ်းသားတွေ လက်ချက်လို့ စစ်တပ်က အကြောင်းပြ ပေမယ့် ဒီခြိမ်းခြောက်မှုဟာ သတင်းစာ ဆရာမ အဘိဝိခရမ ရဲ့ သတင်း အရေးအသား တွေနဲ့ ဆက်စပ် နေတယ်လို့ ယုံကြည်ကြောင်း သီရိလင်္ကာ မီဒီယာ လွတ်လပ်ခွင့် လှုပ်ရှားမှု အုပ်စုက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ