ကုလ စစ်ဆေးရေး အဖွဲ့ကို ဆီးရီးယား ဝင်ခွင့်ပြု

  • 25 ဩဂုတ် 2013
Image caption ဓာတု လက်နဲ့နဲ့ တိုက်ခိုက်မှု တွေမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးသွားခဲ့ တယ်လို့ သတင်း တွေ ထွက်နေ

ဆီးရီးယား အစိုးရဟာ ဓာတု လက်နက်တွေနဲ့ တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ ဒမားစကပ် မြို့က ဆင်ခြေဖုံး နေရာတွေဆီ၊ ကုလသမဂ္ဂရဲ့ လက်နက် စစ်ဆေးရေး အဖွဲ့ကို သွားရောက် စစ်ဆေးခွင့် ပြုလိုက်ပြီလို့ ဆီးရီးယား အစိုးရ ရုပ်သံ ကနေ ကြေညာ သွားပြီ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှု တွေမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးသွားခဲ့ တယ်လို့ သတင်းတွေ ထွက်နေပြီး၊ ဆီးရီးယား အစိုးရ ကတော့ အခုလို သေဆုံးခဲ့မှု တွေဟာ သူတို့ ရဲ့ တာဝန် မဟုတ်ဘူး ဆိုပြီး ငြင်းဆိုထား ပါတယ်။

ဆီးရီးယား အရေး နဲ့ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ စစ်ရေး အရ ကြားဝင် ဆောင်ရွက် မှုတွေ လုပ်မယ် ဆိုရင်တော့ ဒေသတွင်းကို မီးလောင်တိုက် သွင်း သလို ဖြစ်စေ လိမ့်မယ်လို့ ဆီးရီးယား ကနေ သတိပေး ပြောကြားလိုက် ပါတယ်။

ဆီးရီးယားဟာ ဒေသတွင်းက မိတ်ဆွေတွေ မဟာမိတ် နိုင်ငံတွေနဲ့ ဆက်လက် အင်အား ကောင်းနေဆဲ ဖြစ်တယ်လို့ ဆီးရီးယား ပြန်ကြားရေး ဝန်ကြီး က ပြောကြား ပါတယ်။

သူတို့ရဲ့ အဓိက မဟာမိတ် နိုင်ငံ တခု ဖြစ်တဲ့ အီရန်က ထိပ်တန်း ဗိုလ်ချုပ်ကြီး တဦး ကလည်း အမေရိကန် အနေနဲ့ ကျူးကျော်ပြီး ဆီးရီးယား မှာ ဝင်ရောက် စွက်ဖက် တာတွေ လုပ်ခဲ့မယ် ဆိုရင် အမေရိကန်ဟာ ဆိုးဝါးတဲ့ အကျိုးဆက် ကို ခံရမယ် လို့ သတိပေး ပြောကြား လိုက်ပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ဓာတု လက်နက် သုံးခဲ့တာ မှန်ရင်တော့ ဗြိတိန်နဲ့ အမေရိကန် တို့ကနေ ပြင်းထန်တဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သတိပေး ပြောကြား လိုက်ပြီး နောက်မှာ အခုလို တုံ့ပြန် ပြောဆို ချက်တွေ ထွက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ