အိန္ဒိယ ဆင်းရဲသားတွေကို ၁ဂ ဘီလီယံ ထောက်ပံ့

Image caption ငတ်မွတ်ခေါင်းပါးသူ သုံးပုံ တပုံက အိန္ဒိယမှာ ရှိ

အိန္ဒိယ နိုင်ငံမှာ ဆင်းရဲသားတွေကို အဖိုးနှုန်း ချိုသာတဲ့ ရိက္ခာတွေ ဒေါ်လာ ၁ဂ ဘီလီယံဖိုး ကူညီထောက်ပံ့မယ့် အစီအစဉ်ကို အောက်လွှတ်တော်က အတည်ပြု ပေးလိုက်ပါပြီ။

တိုင်းပြည်တလွှား ငတ်မွတ်မှုနဲ့ အာဟာရ ချို့တဲ့မှု ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာကို ဖြေရှင်းနိုင်ဖို့ ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်ဟာ ခြေလှမ်းကြီး တရပ် ဖြစ်တယ်ဆိုပြီး ဥပဒေကြမ်းကို ကြိုဆိုခဲ့ကြပါတယ်။

အိန္ဒိယ နိုင်ငံမှာ အစာငတ်မွတ်မှု ကြုံတွေ့နေရသူတွေဟာ ကမ္ဘာပေါ်က ငတ်မွတ်သူ အရေအတွက်ရဲ့ သုံးပုံတပုံ ရှိပါတယ်။

ဒီဥပဒေကို အထက်လွှတ်တော် တင်ဖို့ ကျန်နေပြီး တကယ်လို့ ဒီဥပဒေသာ အတည်ဖြစ်သွားမယ် ဆိုရင် လူဦးရေရဲ့ ၇ဝ ရာနှုန်း ဖြစ်တဲ့ သန်းတထောင့်သုံးရာလောက်ကို ဂျုံ ၊ စပါး စတာတွေ ကူညီ ထောက်ပံ့ ပေးမှာ ဖြစ်ပါတယ်။