ဓာတုတိုက်ခိုက်မှု အကဲဖြတ်ချက် ဗြိတိန် ထုတ်ပြန်

  • 29 ဩဂုတ် 2013
cameron syria debate
Image caption စစ်ရေးအရ ဝင်ရောက်ရေး ပါလီမန်မှာ ဆွေးနွေးဆဲ

ဆီးရီးယားနိုင်ငံ ဒမားစကပ်မြို့မှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားတဲ့ ဓာတုလက်နက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အနည်းငယ် အငြင်းပွားဖွယ် ဖြစ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး အကဲဖြတ်ချက်ကို ဗြိတိသျှ အစိုးရ ထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒီတိုက်ခိုက်မှုဟာ ဆီးရီးယား အစိုးရမှာ အများကြီး တာဝန်ရှိတယ်ဆိုပြီး ကောက်ချက်ချ ဖေါ်ပြထားပါတယ်။

ဆီးရီးယား အရေးနဲ့ပတ်သက်ပြီး စစ်ရေးအရ ကြားဝင်ဆောင်ရွက်မလား ဆိုတာကို ဒီကနေ့ည ဗြိတိသျှ ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်မှုတွေ မလုပ်ခင် ထောက်လှမ်းရေး တွေ့ရှိချက်တွေကို အခုလို တင်ကြို ထုတ်ပြန်လိုက်တာ လည်း ဖြစ်ပါတယ်။

ဗြိတိန် အစိုးရကတော့ စစ်ရေးအရ ဝင်ရောက်ရေး သဘောထားကို ပါလီမန်က ထောက်ခံချက် ရဖို့အတွက် ကြိုးစားနေပါတယ်။

အတိုက်အခံ လေဘာပါတီကတော့ အစိုးရရဲ့ လုပ်ဆောင်မယ့် အစီအစဉ်ကို ဆန့်ကျင်မဲ ပေးမယ်လို့ ပြောနေဆဲ ဖြစ်ပါတယ်။