ဆီးရီးယားက ခုခံ ကာကွယ်မယ်ဟု ဆို

  • 29 ဩဂုတ် 2013
syria president bashar assad
Image caption ဆီးရီးယား သမ္မတ ဘာရှားအဲလ် အာဆတ်

ဆီးရီးယား သမ္မတ ဘာရှား အဲလ် အာဆတ်က ဘယ်လိုကျူးကျော်မှုမျိုးကို မဆို နိုင်ငံအတွက် ခုခံ ကာကွယ်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းကနေ သတင်းထုတ်ပြန်သွားပါတယ်။

မစ္စတာ အာဆတ်ကနေ ယီမင်က နိုင်ငံရေးသမား ကိုယ်စားလှယ်အဖွဲ့တစ်ခုကို ပြောကြားရာမှာ စစ်ရေးအရ အခုလို ခြိမ်းခြောက်နေမှုတွေဟာ ဆီးရီးယားပြည်သူတွေရဲ့ လွတ်လွတ်လပ်လပ် နေချင်တဲ့ ဆန္ဒသဘောထား တွေကို ပိုမို တိုးပွားလာစေခဲ့တာသာ ဖြစ်တယ်ဆိုတဲ့အကြောင်း ရုပ်သံကနေ ကိုးကား ဖော်ပြသွားပါတယ်။

ဆီးရီးယားပြည်သူတွေ ပုံမှန်အတိုင်းသွားလာ လှုပ်ရှားနေကြတာကိုလည်း ဆီးရီးယား ရုပ်သံက ပြသသွားပါတယ်။

ဒါပေမယ့်လို့ ဒမာ့စကပ်စ်မြို့ အနီးတဝိုက်က အရေးကြီးတဲ့ ကွပ်ကဲရေး ဌာနက စစ်သားတွေကို ဖယ်ရှားထားဖို့ အမိန့်ထုတ်ထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။