ဓာတ်ပုံကြောင့် တရုတ် အရာရှိ တရားစွဲခံရ

  • 30 ဩဂုတ် 2013
Yang Dacai
Image caption ယန် မျက်နှာထားက အစာနာ ကင်းမဲ့တယ်လို့ ယူဆ

ဘတ်စ်ကားတိုက် လူသေမှု တခု မြင်ကွင်းမှာ ပြုံးရွှင် နေတဲ့ တရုတ် အရာရှိ တယောက်ရဲ့ ပုံတွေ ထွက်လာပြီးနောက် တရုတ်ပြည်မှာ ပွက်လောရိုက် သွားပြီး အခု အဲဒိ အရာရှိ အကျင့်ပျက် ခြစား မှုနဲ့ တရားရင်ဆိုင် နေရ ပါတယ်။

သူပိုင်ဆိုင်တဲ့ အိမ်ရာ ငွေကြေး အမြောက်အများရဲ့ လာရာ ရင်းမြစ်ကို မရှင်းလင်းနိုင်မှု၊ လာဘ်စားမှု တွေနဲ့ Yang Dacai ကို စွဲဆိုထားကြောင်း တရုတ် အစိုးရ သတင်းတွေက ဆိုပါတယ်။

အခင်းဖြစ်ပွားရာမှာ တွေ့ရတဲ့ မစ္စတာ ယန် ရဲ့ မျက်နှာထား က အစာနာ ကင်းမဲ့တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

မကြာခင် မှာပဲ ဒေါသထွက်နေတဲ့ အင်တာနက် ပရိသတ် လက်စွမ်းနဲ့ တန်ဖိုးကြီး လက်ပတ် နာရီတွေ ဝတ်စားထားတဲ့ သူ့ဓာတ်ပုံတွေ အင်တာနက်မှာ ပေါ်ထွက် လာခဲ့ပါတယ်။

မနှစ်က သူ့ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ကွန်မြူနစ် ပါတီက ဖေဖော်ဝါရီလက ပယ်ရှား ခဲ့ပါတယ်။

အခွင့်အရေးယူပြီး ခြစား နေတယ်လို့ အစိုးရ အရာရှိ တွေကို လူထုက စိတ်ပျက် ဒေါသူပုန်ထ နေကြချိန်မှာ သူ့ အမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ