သစ်သီးစားရင် ဆီးချို ဖြစ်နိုင်ခြေ နည်း

  • 30 ဩဂုတ် 2013
grapes
Image caption လတ်ဆတ်တဲ့ စပျစ်သီးက ဆီးချို ကာကွယ်နိုင်

လတ်ဆတ်တဲ့ သစ်သီးဝလံ တွေကို စားသုံးရင် ဆီးချို ရောဂါ တစ်မျိုး ဖြစ်ပွားနိုင်ခြေ သိသိသာသာ ကျဆင်းကြောင်း သုတေသီ တွေက တွေ့ရှိခဲ့ပါတယ်။

ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး စတဲ့ သီးနှံတွေကို မှီဝဲသူ တွေဟာ နံပါတ် ၂ အမျိုးအစား ဆီးချိုဘေးက ကင်းဝေးအောင် ကာကွယ်နိုင်ခဲ့ကြောင်း လူ ပေါင်း ၂ သိန်းကို နှစ် အစိတ်လောက် သုတေသန ပြုပြီး သိရှိခဲ့တာပါ။

ဖရဲသီးနဲ့ စတော်ဘယ်ရီ သီးတွေ စားလို့တော့ ဆီးချို အတွက် ဘာမှ ထူးထူးခြားခြား အာနိသင် မရှိဘူး လို့လည်း ဆိုပါတယ်။

သစ်သီး ဖျော်ရည်တွေ သောက်ရင်တော့ ဆီးချို ဖြစ်ဖို့ အန္တရာယ် ပိုများတယ် ဆိုတာကိုလည်း လေ့လာ တွေ့ရှိ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ