အိန္ဒိယ စီးပွားရေး တိုးတက်မှု နှေးကွေး

  • 30 ဩဂုတ် 2013
indian rupee
Image caption အိန္ဒိယ ရူပီးငွေ တန်ဖိုး တိုက်ရိုက်ကျဆင်းနေ

ဧပြီလ ကနေ ဇွန်လအတွင်း အိန္ဒိယ စီးပွားရေး ၄.၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး နှေးကွေးနေခဲ့ကြောင်း အိန္ဒိယအစိုးရ ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒါဟာ ၉ လ ဆက်တိုက် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေး နေတာလည်း ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေ မထုတ်ပြန်ခင်မှာပဲ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အိန္ဒိယ စီးပွားရေး နှေးကွေးနေမှုနဲ့ ရူပီးငွေ တန်ဖိုးကျ ဆင်းနေမှုအတွက် ပူပန်စိုးရိမ်မိကြောင်း လွှတ်တော်မှာ ဝန်ခံ ပြောကြား ခဲ့ပါတယ်။

ဒီနှစ်ပိုင်းအတွင်း အိန္ဒိယ စီးပွားရေးက တအိအိနဲ့ ကျဆင်းလာနေတာပါ။

နောက်ဆုံး ထွက်လာတဲ့ ကိန်းဂဏန်းတွေက ထင်တာထက် ဆိုးရွားတယ်လို့ ဒေလီက ဘီဘီစီ သတင်းထောက်က ပြောဆိုပါတယ်။

အရင် ဆယ်စုနှစ်တုန်းကတော့ အိန္ဒိယ စီးပွားရေးက တနှစ်ကို ၇ ရာခိုင်နှုန်းကျော်လောက် ပုံမှန် တိုးတက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ