ကဗျာဆရာကြီး ရှေးမတ်စ် ဟီးနေ ကွယ်လွန်

  • 30 ဩဂုတ် 2013
seamus heaney
Image caption ရှေးမတ်စ်ဟီးနေ ကဗျာရွတ်နေစဉ်

ထင်ရှားတဲ့ နိုဘယ်ဆု ရ အိုင်းရစ် ကဗျာဆရာကြီး ရှေးမတ်စ် ဟီးနေ ကွယ်လွန် သွားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် ရှိပြီး မကြာခင်ကမှ နေမကောင်း ဖြစ်ပြီး ဆုံးပါးသွားတာ ဖြစ်ပါတယ်။

ဟီးနေကို မြောက်ပိုင်း အိုင်ယာလန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အိုင်ယာလန် တောင်ပိုင်းမှာ ရွှေ့ပြောင်း နေထိုင်ခဲ့ပါတယ်။

ကျောင်းဆရာ၊ ကဗျာဆရာ ဘဝ တွေမှာ ကျင်လည် ခဲ့ပြီး ၁၉၉၅ ခုနှစ်က စာပေ နိုဘယ်ဆု ရခဲ့ပါတယ်။ သူ့ရဲ့ကဗျာတွေကို မြန်မာလို ပြန်ဆိုခဲ့ဖူးပါတယ်။

မြောက်ပိုင်း အိုင်ယာလန်ရဲ့ နိုင်ငံရေး ဝဋ်ဒုက္ခတွေကြောင့် ဟီးနေ ကဗျာတွေ ကျော်ကြားလာတာလို့ ဘီဘီစီ သတင်းထောက် တစ်ယောက်က ပြောဆိုပါတယ်။

ရိုမန်ကက်သလစ် ဘာသာဝင်နဲ့ အိုင်းရစ် အမျိုးသားရေးဝါဒီ ကဗျာဆရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို အစဉ်အမြဲ ရှုတ်ချ ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ