အိန္ဒိယ မုဒိမ်းမှု ပြစ်ဒဏ် စီရင်

  • 31 ဩဂုတ် 2013
Image caption တည်ဆဲ ဥပေဒအရ ငယ်ရွယ်သူ တဦးကို အမြင့် ဆုံး အနေနဲ့ အခုလို သာ ပစ်ဒဏ် ပေးနိုင်တာ ဖြစ်

အိန္ဒိယ နိုင်ငံ ဒေလီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ကျောင်းသူ တဦးကို ဝိုင်းပြီး အကြမ်း ဖက် မုဒိမ်း ပြုကျင့်ခဲ့ကြ သူတွေ ထဲက အဲဒီတုန်းက ၁၇ နှစ် အရွယ် ပဲ ရှိသေးတဲ့ ဆယ်ကျော်သက် တရားခံ တဦးကို လူငယ် ပြုပြင် ထိန်းသိန်းရေး စခန်းမှာ သုံးနှစ် ထားဖို့ ပြစ်ဒဏ် ချမှတ် လိုက်တဲ့ အပေါ် မကျေနပ် နိုင်ဘူး ဆိုပြီး ကျောင်းသူ ရဲ့ မိသားစုတွေက ပြောကြားလိုက် ပါတယ်။

အိန္ဒိယ တည်ဆဲ ဥပေဒအရ ငယ်ရွယ်သူ တဦးကို အမြင့်ဆုံး အနေနဲ့ အခုလို သာ ပြစ်ဒဏ် ပေးနိုင်တာ ဖြစ်ပါတယ်။

ကောင်မလေးရဲ့ အကို ဖြစ်သူ ကလည်း ဒါဟာ အရမ်းကို သက်ညှာ လွန်းတယ်လို့ ပြောပြီး မိသားစု အနေနဲ့ နောက်ထပ် အဆင့်မြင့် တရားရုံးမှာ အယူခံ ဝင်မယ် လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး၊ တခြား အမျိုးသား ၄ ဦး ကိုတော့ သီးခြားစီ ကြားနား စစ်ဆေး နေပြီး မကြာခင် သီတင်းပတ်တွေ အတွင်း စီရင်ချက် ချမှတ် မယ်လို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ