အသက်၆၄ နှစ်အရွယ် အမျိုးသမီး အိပ်မက်တွေ အကောင်အထည်ဖော်ပြီ

  • 3 စက်တင်ဘာ 2013
Image caption ငါးကြိမ်မြောက်မှာ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့တဲ့ Diana Nyad

အမေရိကန် အမျိုးသမီး တာဝေး ရေကူးသမား ဒိုင်ယာနာ နာယာ့ဒ် ဟာ ငါးမန်းရန် ကာကွယ်တဲ့ လှောင်အိမ် မလိုဘဲ ကျူးဘားကနေ အမေရိကားကို ဖြတ်ကျော်နိုင်တဲ့ ပထမဆုံး ရေကူး သမားအဖြစ် စံချိန် တင်သွားခဲ့ပါတယ်။

အသက် ၆၄ နှစ် ရှိပြီ ဖြစ်တဲ့ ဒိုင်ယာနာ နာယာ့ဒ် ဟာ ကျူးဘားနိုင်ငံ ဟာဗားနားကနေ ၅၃ နာရီကြာ မနားတမ်း ရေကူးပြီး ဖလောရီဒါ ပြည်နယ်က Key West ကို ဖြတ်ကျော် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဘယ်တော့မှ အရှုံးမပေးပါနဲ့ ၊ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆိုရင် အသက်ကြီးပြီဆိုတာ ဘယ်တော့မှ မရှိပါဘူးလို့ အားပေးနေတဲ့ လူအုပ်ကြီးက ဒိုင်ယာနာ နာယာဒ့် က ကမ်းပေါ် အရောက်မှာ ပြောကြားခဲ့ပါတယ်။

သူဟာ ရေဓါတ်ခန်းခြောက်ကာ မျက်နှာလည်း ယောင်ကိုင်းနေသလို အသားအရေတွေလည်း နေလောင်ဒဏ် ခံထားရပေမယ့် အမြန် ပြန်ကောင်းလာမှပါလို့ ဆရာဝန်က ပြောပါတယ်။

သူ့ကို ဆေးရုံကို ခေါ်သွားပြီး စောင့်ရှောက် ကုသမှု ပေးနေပြီ ဖြစ်ပါတယ်။