သမ္မတ မိုဟာမက် မော်စီ ကို ကြားနာစစ်ဆေးမယ်

  • 2 စက်တင်ဘာ 2013
Image caption ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ Morsi

အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ သမ္မတ မိုဟာမက် မော်စီ ကို ဆန္ဒပြသမားတွေကို သတ်ဖြတ်မှု ဖြစ်အောင် လှုံဆော်မှုနဲ့ ကြားနာ စစ်ဆေးမယ်လို့ အစိုးရ ရုပ်မြင်သံကြား သတင်းမှာ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

မနှစ် ဒီဇင်ဘာတုန်းက သမ္မတ နန်းတော်ရှေ့မှာ မစ္စတာ မော်စီကို ဆန့်ကျင် ဆန္ဒပြမှု အတွင်း လူအများအပြား သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ သူ့အပေါ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လူသတ်မှု ဖြစ်အောင် လှုံဆော်မှု ၊ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့က တခြား အဖွဲ့ဝင် ၁၄ယောက်တို့ရဲ့ အမှုတွေကိုလည်း ကြားနား စစ်ဆေးမှာ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီအထဲမှာ Isam al-Iryan နဲ့ Muhammad al-Biltaji တို့လည်း ပါဝင်တယ်လို့ အီဂျစ် ရုပ်မြင်သံကြားက ပြောပါတယ်။

မစ္စတာ မော်စီကို ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက ရာထူးက ဖြုတ်ချပြီး လျှို့ဝှက် နေရာတခုမှာ စစ်တပ်က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။