ရုပ်သံဌာန ၄ ခု ပိတ်ဖို့ အီဂျစ် အမိန့်ပေး

  • 3 စက်တင်ဘာ 2013

အီဂျစ်နိုင်ငံမှာ Al Jazeera အပါအဝင် ရုပ်မြင်သံကြားဌာန ၄ခုကို ပိတ်ပစ်ဖို့ အီဂျစ် တရားရုံးက အမိန့်ပေးလိုက်ပါတယ်။

တခြား ပိတ်ရမယ့် ရုပ်မြင်သံကြားဌာနတွေကတော့ အစ္စလာမစ် ရုပ်မြင်သံကြား ဌာနတွေ ဖြစ်ပြီး မွတ်ဆလင် ညီနောင်များ အဖွဲ့ရဲ့ ရုပ်မြင်သံကြား ဌာန တစ်ခုလည်း ပါပါတယ်။

ဒါဟာ မွတ်ဆလင် ညီနောင်များ အဖွဲ့နဲ့ သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသူတွေလို့ စစ်တပ်နောက်ခံ အစိုးရက ယူဆနေတဲ့ မီဒီယာ သတင်းဌာနတွေအပေါ် အခုနောက်ဆုံး နှိမ်နင်းမှုတခု ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းကလည်း Al Jazeera အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသား သတင်းထောက် ၃ဦးကို အီဂျစ် အစိုးရက နိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပြီး အဲဒီလူတွေမှာ သတင်းပို့ခွင့် အစစ်အမှန် မရှိဘူးလို့ အကြောင်းပြပါတယ်။