မသန်စွမ်းဂေဟာက မိန်းကလေးတွေကို အဓမ္မ ပြုကျင့်သူတွေကို ဖမ်းထား

  • 6 စက်တင်ဘာ 2013
Image caption လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်မှုကို ဆန္ဒပြ

အိန္ဒိယ နိုင်ငံ ဂျမူးမြို့မြောက်ပိုင်းက မသန်စွမ်း သူများ စောင့်ရှောက်ရေး ဂေဟာက မိန်းကလေး ငါးယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ လူနှစ်ယောက်ကို ဖမ်းထားတယ်လို့ ရဲက ပြောပါတယ်။

ဒီမိန်းကလေးတွေဟာ လိင်စော်ကားခံရတယ်လို့ ကျန်းမာရေး ဆေးစစ်ချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက် မသန်စွမ်း စောင့်ရှောက်ရေး ဂေဟာက အစောင့်နဲ့ ဒါရိုက်တာ တို့ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။

အဖမ်းခံရသူတွေ ဖက်က ပြောကြားချက်တွေ မထွက်ပေါ်သေးဘဲ ၊ ဒီအဓမ္မ ပြုကျင့်မှုကို ဘယ်သူကျူးလွန်ခဲ့တာလဲ ဆိုတာလည်း သဲသဲကွဲကွဲ မသိရသေးပါဘူး။

အခုလပိုင်းတွေ အတွင်း အိန္ဒိယမှာ အဓမ္မ ပြုကျင့်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပြီး နိုင်ငံတလွှားမှာလည်း ဒီကိစ္စအပေါ် ယမ်းမီးပုံကျ ဒေါသထွက်နေကြပါတယ်။