မယ်ရွေးပွဲကို ဂျကာတာ ကနေ ဘာလီမှာ ပြောင်းကျင်းပမယ်

  • 8 စက်တင်ဘာ 2013
Miss Universe ရွေးပွဲတခုက မြင်ကွင်း

အခုနှစ် မယ်စကြဝဠာ ရွေးပွဲ ဗိုလ်လုပွဲကို အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ မူလက စီစဉ် ထားခဲ့ ပေမယ့် ဆန့်ကျင် ဆန္ဒပြမှုတွေ အများ အပြား ဖြစ်ခဲ့ပြီးတဲ့နောက် မြို့တော် ကနေ အလှမ်းဝေးတဲ့ ဘာလီမှာ ကျင်းပမယ်လို့ ပြောပါတယ်။

မွတ်ဆလင် နိုင်ငံ တော်တော် များများက ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ စတင် ကျင်းပမယ့် မယ်စကြဝဠာ ရွေးပွဲကို အစ္စလာမ် ဘာသာနဲ့ ကိုက်ညီမှု မရှိတဲ့ ပွဲလို့ ယုံကြည် ယူဆ ကြတာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ အမှတ် တံဆိပ် အမျိုးသမီး ရေကူး ဝတ်စုံနဲ့ပုံ ကိုလည်း အဖော် အချွတ်နည်းတဲ့ လုံခြည်နဲ့ ပုံကို ပြောင်းပေးဖို့ ပွဲစီစဉ် ကျင်းပသူတွေက ကတိပေး ခဲ့ကြရ ပါတယ်။

ဖွင့်ပွဲကို ဟိန္ဒူ လူမျိုး အများစု နေထိုင်ရာ ဘာလီမှာ ကျင်းပတော့မှာ ဖြစ်ပြီး သီတင်းသုံးပတ် ကြာမြင့် မယ်လို့ သိရပါတယ်။