အစိုးရ ထောက်ခံတဲ့ မော်စကို မြို့တော်ဝန် ပြန်အရွေးခံရ

  • 9 စက်တင်ဘာ 2013
Image caption ပြန်အရွေးခံရတဲ့ မြို့တော်ဝန် Sergei Sobyanin

ရုရှားက မော်စကို မြို့တော်ဝန် ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေ အရ အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ရှိ မြို့တော်ဝန် ဆာဂေး ဆိုဗျာနင် က ပြန်အရွေးခံရတယ်လို့ သိရပါတယ်။

မဲအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်း ကျော်ကို ရေတွက်ပြီးတဲ့ အချိန်မှာ မစ္စတာ ဆိုဗျာနင် ဟာ ၅ဝ ရာခိုင်နှုန်း ကျော်နဲ့ အသာရ နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ အဓိက ပြိုင်ဖက်လည်းဖြစ် ဆန္ဒပြ လှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ အဲလက်ဆီ နေဗယ်နီ ကတော့ အခု ကြေညာသွားခဲ့တဲ့ မဲရလဒ်တွေကို အသိအမှတ် မပြုဘူး ၊ သူတမဲဘဲ ရတယ် ဆိုလဲ လက်ခံမှာ မဟုတ်ဘူး ၊ အရှုံးမပေးဘဲ ဆက်တိုက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်စကို မြို့တော်ဝန်ရုံးနဲ့ ဆာဂေး ဆိုဗျာနင်ရဲ့ ရွေးကောက်ပွဲ ဌာနချုပ် တို့ပေါင်းပြီး ဖန်တီး လိမ်ညာမှုလို့ မှတ်ယူမိပါတယ်လို့ မစ္စတာ နေဗယ်လ်နီ က ပြောပါတယ်။

အစောပိုင်းတုန်းကတော့ သူ့ အဖွဲ့သားတွေရဲ့ စစ်တမ်းကောက်ယူချက်အရ မစ္စတာ ဆိုဗျာနင် ဟာ ထောက်ခံမဲ ၄၆ ရာခိုင်နှုန်းဘဲ ရတယ်လို့ မစ္စတာ နေဗယ်လ်နီက ဆိုပြီး အဲဒီအရေအတွက် အတိုင်းသာ ရခဲ့ရင် ဒုတိယ အကြိမ် ရွေးကောက်ပွဲ ပြန်လုပ်ရတာ ဖြစ်ပါတယ်။