Kaesong စက်မှုဇုန် ပြန်လည် ဖွင့်လှစ်မယ်

  • 11 စက်တင်ဘာ 2013
Image caption Kaesong စက်မှုဇုန် မြင်ကွင်း

မြောက်ကိုရီးယားနဲ့ နှစ်နိုင်ငံ ပူးတွဲ ဖွင့်လှစ်ထားတဲ့ Kaesong စက်မှုဇုန်ကို ညှိနှိုင်း ဆွေးနွေးမှုတွေ ညဉ့်နက်ပိုင်း အထိ လုပ်ခဲ့ပြီးတဲ့နောက် လာမယ့် တနင်္လာနေ့ ကစလို့ ပြန်လည် ဖွင့်လှစ်ဖို့ သဘောတူ လိုက်ပြီလို့ တောင်ကိုရီးယား က ပြောပါတယ်။

နှစ်နိုင်ငံ တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့ ဧပြီလတုန်းက ဒီစက်မှုဇုန်ကို ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ပိတ်မပစ်ခင်တုန်းကဆိုရင် တောင်ကိုရီးယား ကုမ္ပဏီ တသိန်းကျော်က မြောက်ကိုရီးယား ဖက်က အလုပ်သမား ငါးသောင်းလောက်ကို ခန့်ထားခဲ့တာ ဖြစ်ပြီး နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီစက်မှုဇုန် စီမံကိန်းကို ပြန်စဖို့ ပြီးခဲ့တဲ့ လတုန်းက သဘောတူခဲ့တာ ဖြစ်ပေမယ့် ပြန်ဖွင့်မယ် ရက်ကိုတော့ သတ်မှတ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။