၂၀၂၀ အိုလံပစ် ကျင်းပမယ့်မြို့ အဖြစ် တိုကျိုကို ရွေးချယ်

  • 7 စက်တင်ဘာ 2013
Image caption တိုကျိုမြို့ကို ရွေးချယ်ကြောင်း ကြေညာလိုက်တဲ့ အိုလံပစ် ကော်မတီ ဥက္ကဌ Jacques Rogge

၂ဝ၂ဝ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပမယ့် မြို့ကို အဆိုတင်သွင်းထားတဲ့ တိုကျို ၊ အစ္စတန်ဘူးလ် နဲ့ မဒရစ် သုံးမြို့ထဲက တိုကျိုမြို့ကို ရွေးချယ်လိုက်ပါပြီ။

နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC အဖွဲ့ဝင်တွေရဲ့ လျှို့ဝှက်မဲတွေကို ရေတွက်ပြီးတဲ့နောက် ဆုံးဖြတ် ရွေးချယ်ခဲ့တဲ့ မြို့နာမည်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမဲရလဒ်က တိုကျိုမြိုက ထောက်ခံမဲ ၆ဝ ရပြီး အစ္စတန်ဘူးလ် က ၃၆ မဲရတာ ဖြစ်ပါတယ်။

မဒရစ်မြို့ကတော့ ပထမ အဆင့် မဲခွဲမှုမှာတင် ပြုတ်သွားတာ ဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က အိုင်အိုစီ အဖွဲ့ဝင်တွေကို ပြောကြားရာမှာ ဖူကူရှီးမား နျူကလီးယား စက်ရုံက ပြဿနာတွေက တိုကျိုမှာ ကျင်းပမယ့် အားကစားပွဲ အပေါ် ထိခိုက်မှု ရှိမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

၁၉၆၄ ခုနှစ်တုန်းက တိုကျိုမြို့မှာ အိုလံပစ် အားကစားပွဲ ကျင်းပခဲ့ ဖူးတာ ဖြစ်ပါတယ်။

တိုကျိုမြို့မှာ အိုလံပစ် အားကစားပွဲ ကျင်းပဖို့ ပြင်ဆင်ထားမှုတွေကို အိုင်အိုစီ အဖွဲ့ဝင်တွေကို တင်ပြသွားတာက အထင်ကြီးလောက်ကောင်းတယ် ၊ ဒါကြောင့်လည်း ထောက်ခံမဲတွေ အများအပြား ရခဲ့တာပါလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ