ဆီးရီးယားကိုတိုက်ဖို့ ကန် အထက်လွှတ်တော် ဆုံးဖြတ်

  • 5 စက်တင်ဘာ 2013
အမေရိကန်က စစ်ရေးအရ ပြင်ဆင်
Image caption အမေရိကန်က စစ်ရေးအရ ပြင်ဆင်ဖို့ အိုဘားမားပြော

သြဇာကြီးမားတဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတီက ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက် အရေးယူဖို့ ၁၀မဲ ၇မဲနဲ့ ဆုံးဖြတ်ခဲ့ပြီး လာမယ့် အပတ်အတွင်း အထက်လွှတ်တော် အမတ်အားလုံး ရှေ့မှာ မဲခွဲဆုံးဖြတ်ဖို့ သဘောတူလိုက်ပါတယ်။

အဲဒီထဲမှာ အကန့်အသတ်နဲ့ စစ်ရေးအရ အရေးယူမှုကို ရက်ပေါင်း၆၀အတွင်းဆောင်ရွက်ဖို့နဲ့ မြေပြင် စစ်တပ်ကို မသုံးဖို့တားမြစ်ထားပါတယ်။ လွှတ်တော်ရှေ့မှောက်မှာ မဲခွဲရင် ဘယ်လိုအဖြေထွက်မလဲဆိုတာ သဲသဲကွဲကွဲမသိရသေးပါဘူး။

ဒါဟာ ရုရှားနိုင်ငံ စိန့်ပီးတားဘတ်စ်မြို့ ဂျီ၂၀ အစည်းအဝေးတက်ဖို့ သမ္မတအိုဘားမားရောက်မယ့် အချိန်နဲ့ကိုက်နေပါတယ်။ ဒီအစည်းအဝေးဟာ ကမ္ဘာစီးပွားရေးနဲ့ နိုင်ငံတကာငွေကြေး စည်းမျဉ်းအကြောင်း ပြောဆိုကြမှာ ဖြစ်ပေမယ့် ဒီတခေါက်တော့ ဆီးရီးယား အကျပ်အတည်းမှာ အမေရိကန်နဲ့ရုရှားသဘောထားကွဲမှုက ပို လွှမ်းမိုးမယ့်ပုံ တွေ့ရဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ ဆီးရီးယား အစိုးရကို ကမ္ဘာက အရေးမယူဘဲနေလို့ကို မဖြစ်ဘူးလို့ပြောပါတယ်။ ဗလာဒီမယာ ပူတင်ကတော့ အမေရိကန်တို့ ဆီးရီးယားကိုတိုက်ရင် ဒါဟာကျူးကျော် ရန်စမှုလို့ဆိုပါတယ်။

ဒီတော့ သမ္မတနှစ်ယောက်တို့ရဲ့ အမြင်နှစ်ခုဟာ ထိပ်တိုက် ဖြစ်နေပါတယ်။ ဒါကြောင့်ဒီနှစ် ဂျီ၂၀ထိပ်သီး စည်းဝေးပွဲမှာ ဆီးရီးယား ပြဿနာက လွှမ်းမိုးနေပြီး ခေါင်းဆောင် ၂ယောက်စလုံး ဘက်မှာ ထောက်ခံသူတွေ တော့ရှိပါတယ်။ ဓါတုလက်နက်သုံးလို့ စိုးရိမ်သူတွေနဲ့ စစ်တိုက်လို့ ဖြစ်လာမယ့်ပြဿနာကို စိုးရိမ်သူတွေကြား အားပြိုင်နေကြပါတယ်။ တဖက်နဲ့တဖက် ကွာဟမှု နည်းသွားအောင် အဖြေရှာဖို့ သိပ်ဖြစ်နိုင်ချေမရှိဘူးလို့ စိန့်ပီတာစ်ဘတ်မှ ဘီဘီစီ သတင်းထောက် ဘရစ်ဂျစ်ကင်ဒယ်က သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ