ဆီးရီးယား ဒုက္ခသည်အရေး ဆွေးနွေးမယ်

  • 4 စက်တင်ဘာ 2013
Image caption ဆီးရီးယား ဒုက္ခသည် ၂သန်းကျော်သွားပြီး ထက်ဝက်မှာ ကလေးဒုက္ခသည်တွေဖြစ်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဆီးရီးယား အိမ်နီးချင်း ၄ နိုင်ငံ တွေ့ဆုံ စည်းဝေးမှာဖြစ်ပြီး ဒီအစည်းအဝေးဟာ ဆီးရီးယား ဒုက္ခသည် တွေရဲ့ အကျပ်အတည်း ဖြေရှင်းရေးအတွက် ပိုမို ပါဝင်ဆောင်ရွက်လာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိအားပေးဖို့ အဓိက ရည်ရွယ်တာဖြစ်တယ်လို့ တူရကီ အစိုးရက ပြောကြားပါတယ်။

ဆီးရီးယား အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ လက်ဘနွန်၊ ဂျော်ဒန် တူရကီနဲ့ အီရတ် နိုင်ငံတို့ဟာ အခုလို ဆီးရီးယား ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ဝန်ထုပ်ဝန်ပိုးကို မထမ်းနိုင် ဖြစ်နေကြတဲ့အတွက် အဲဒီ ၄ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ပိုမိုချမ်းသားတဲ့ နိုင်ငံတွေဆီက အကူအညီရအောင် နားချ ဖျောင်းဖြကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီကတော့ ၂ သန်းကျော်သွားပြီဖြစ်တဲ့ ဆီးရီးယားက ထွက်ပြေးလာသူ ဒုက္ခသည်တွေကြောင့် ဒေသတွင်း မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတိပေး ပြောကြားထားပါတယ်။ မတည်ငြိမ်မှုတွေဟာ ဒေသတွင်းမှာ အန္တရာယ်ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။