တရုတ်မှာ လူ ၁၁၄ သန်း ဆီးချို ရှိနေ

  • 5 စက်တင်ဘာ 2013
Image caption အရွယ်ရောက်သူ ဦးရေရဲ့ ၁၂ ရာနှုန်းနီးပါး ဆီးချိုဖြစ်နေ

ကမ္ဘာပေါ်မှာ ဆီးချိုရောဂါ ဖြစ်ပွားသူ အရေအတွက် အများဆုံးဟာ တရုတ်နိုင်ငံ ဖြစ်တယ်လို့ သိပ္ပံဆိုင်ရာ လေ့လာဆန်းစစ်ချက် တစ်ခုမှာ ခန့်မှန်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ အရွယ်ရောက်သူ လူ ၁၁၄ သန်း နီးပါးလောက် ဆီးချိုရောဂါ ဖြစ်နေကြတယ်လို့ အဲဒီလေ့လာချက်က ပြောပါတယ်။

အမေရိကန် ဆေးပညာ အသင်းက ထုတ်ဝေတဲ့ ဂျာနယ်မှာ အခုလို လေ့လာတွေ့ရှိချက်ကို ဖော်ပြထားတာ ဖြစ်ပြီး၊ ရာခိုင်နှုန်းအားဖြင့် တရုတ်မှာ အရွယ်ရောက်သူတွေထဲက ၁၁ ဒသမ ၆ ရာခိုင်နှုန်း ဆီးချိုဖြစ်နေတာလို့ ဆိုပါတယ်။

ဒါဟာ အမေရိကန်မှာ ဖြစ်နေတဲ့ ရာခိုင်နှုန်းထက် အများကြီး မြင့်မားနေတယ်လို့ လည်းပြောပါတယ်။

၂၀၁၀ ခုနှစ်က အချက်အလက်တွေကို အခြေခံပြီး ပြုစုထားတဲ့ ဒီလေ့လာချက်မှာ ဖေါ်ပြထားတာကတော့ တရုတ်မှာ လူနေမှုဘဝနဲ့ အစားအသောက် စားသုံးတဲ့ ပုံစံ ပြောင်းလဲလာတောကြာင့် အခုလို ဖြစ်ရတာလို့ ဆိုပါတယ်။