သြစတြေးလျ ရွေးကောက်ပွဲ အတိုက်အခံ အနိုင်ရ

  • 7 စက်တင်ဘာ 2013
australia
Image caption အရည် အချင်း ပြည့်ဝတဲ့ အစိုးရ တရပ်ကို ဖွဲ့စည်း သွားမယ်

သြစတြေးလျ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ မှာ တိုနီ အဘော့တ် ဦးဆောင်တဲ့ Liberal National Coalition က ပါလီမန် အမတ် နေရာ အများစုနဲ့ အနိုင် ရရှိ သွားပါတယ်။

အနိုင်ရ သွားတဲ့ အတိုက်အခံ လစ်ဘရယ် ခေါင်းဆောင် တိုနီ အဘော့တ်က ရွေးကောက်ပွဲ အနိုင်ရ မိန့်ခွန်းမှာ ပြည်သူတွေ ယုံကြည် အားထားရပြီး အရည် အချင်း ပြည့်ဝတဲ့ အစိုးရ တရပ်ကို ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ သူ့ကို ထောက်ခံ သူတွေကို ပြောကြား သွား ပါတယ်။

ဝန်ကြီးချုပ် ကဲဗင် ရတ်ဒ်ကလည်း သူ့အနေနဲ့ အထွေထွေ ရွေးကောက်ပွဲ မှာ ရှုံးသွားပြီ ဖြစ်ကြောင်း ဝန်ခံ ပြောကြား လိုက်ပြီး၊ လေဘာ ပါတီ ခေါင်းဆောင် အဖြစ် ကနေပါ နုတ်ထွက် မယ်လို့ ပြောပါတယ်။

နောက်ပြီး အစိုးရသစ် အနေနဲ့ ရှေ့မှာ ရင်ဆိုင်ရဖို့ ရှိတဲ့ စိန်ခေါ်မှု ကြီးတွေ အတွက် အကောင်းဆုံး ဆောင်ရွက် နိုင်ပါစေကြောင်း ပြိုင်ဘက် ခေါင်းဆောင် တိုနီ အဘော့တ်ကို ဖုန်းဆက်ပြီးပြောခဲ့ တယ်လို့ ကွင်းစ်လန်း ပြည်နယ် ဘရစ်ဘိန်း မြို့မှာ မစ္စတာ ရတ်ဒ်က သူ့ကို ထောက်ခံ သူတွေကို ပြောပြ သွားခဲ့ ပါတယ်။

မစ္စတာ ရတ်ဒ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန် ပိုင်းကမှ အဲဒီ တုန်းက ပါတီ ခေါင်းဆောင် ဂျူလီယာ့ ဂေးလာ့ဒ် နေရာမှာ သူ့ကို ခေါင်းဆောင် အဖြစ် ပြန် တင်မြောက် ခဲ့ရာ ကနေ ဝန်ကြီးချုပ် ပြန် ဖြစ်လာ ခဲ့တာ ဖြစ်ပါတယ်။

လေဘာ ပါတီ ဟာ ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလ လုံးလုံး အာဏာ ရခဲ့ ရာကနေ အခုတော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ ရတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ