အိန္ဒိယက အကြမ်းဖက်မှု တွေကြောင့် တပ်တွေချထား

  • 8 စက်တင်ဘာ 2013
Uttar Pradesh
Image caption ဥတာ ပရာဒက်ရှ် ပြည်နယ်မှာ ပြီးခဲ့တဲ့ လက လုံခြုံရေး ချထားမှု မြင်ကွင်း

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဥတာ ပရာဒက်ရှ် Uttar Pradesh ပြည်နယ်မှာ ဟိန္ဒူနဲ့ မွတ်ဆလင် တွေကြား ပဋိပက္ခ ပြဿနာ တွေ ဖြစ်ခဲ့ပြီး လူ ၁၂ ယောက် သေဆုံး ခဲ့ရပြီးတဲ့နောက် အိန္ဒိယ စစ်တပ်က စစ်သားတွေ ရာနဲ့ ချီပြီး ချထားလိုက် ပါတယ်။

အမျိုးသမီးငယ် တစ်ယောက် နှောင့်ယှက် ခံရတာကို ဝင်ရောက် တားဆီး ခဲ့တဲ့ အမျိုးသား သုံးယောက် အသတ်ခံခဲ့ရပြီးတဲ့နောက် မူဇာဖာနာဂါ Muzaffarnagar ရပ်ကွက်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ တာပါ။

သေဆုံးသူတွေ ထဲမှာ အိန္ဒိယ သတင်းထောက် တစ်ယောက်လည်း ပါဝင် ပါတယ်။

လူပေါင်း သုံးဆယ် ကို ဖမ်းဆီးထားပြီး ည မထွက်ရ အမိန့် ထုတ်ပြန်ထားတယ်လို့ အိန္ဒိယ အရာရှိ တွေက ပြောပါတယ်။

လာမယ့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် မွတ်ဆလင်တွေနဲ့ ဟိန္ဒူ အသိုင်း အဝိုင်းကြားမှာ တင်မာမှုတွေ ဖြစ်အောင် အစိုးရက လှုံ့ဆော်တာ ဖြစ်တယ်လို့ ဒေသဆိုင်ရာ နိုင်ငံရေး သမားတွေက စွပ်စွဲ ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ