မော်စကို မြို့တော်ဝန် ရွေးပွဲ ရလဒ်ကို ဆန္ဒပြကြ

  • 9 စက်တင်ဘာ 2013
moscow
Image caption ရွေးကောက်ပွဲမှာ လက်ရှိ မြို့တော်ဝန်ပဲ အနိုင်ရခဲ့ ပါတယ်။

ရုရှား နိုင်ငံက မော်စကို မြို့တော်မှာ အစိုးရ ဆန့်ကျင်သူ တယောက် ဖြစ်တဲ့ အလက်စီ နဗာလ်နီနဲ့ သူ့ကို ထောက် ခံသူ ထောင်ပေါင်း များစွာဟာ မော်စကို မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ် တွေနဲ့ ပတ်သက်လို့ မကျေနပ် ကြောင်း ဆန့်ကျင်တဲ့ အနေနဲ့ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အဲဒီ ဆန္ဒပြ သူတွေက မစ္စတာ နဗာလ်နီရဲ့ နာမည်ကို ကြွေးကြော်ရင်း ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အဲဒီ မြို့တော်ဝန် ရွေးကောက်ပွဲမှာ ကရင်မလင် အစိုးရ လိုလားသူ လက်ရှိ မြို့တော်ဝန် ဆာဂေ ဆော့ဗျန်နင် က မဲ အားလုံးရဲ့ ၅၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

မစ္စတာ နဗာလ်နီကတော့ ၂၇ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။

အဲဒါကြောင့် မစ္စတာ နဗာလ်နီက ဒီရွေးကောက်ပွဲမှာ မဲမသမာ မှုတွေ ရှိခဲ့တယ် ဒါကြောင့် ဒုတိယ အကြိမ် ရွေးကောက်ပွဲ တခု ပြန်လုပ်သင့်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မော်စကို ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီရွေးကောက်ပွဲမှာ စည်းကမ်း ချိုးဖောက်မှု ကြီးကြီးမားမား မတွေ့ခဲ့ရတဲ့ အတွက် ဒီလို လုပ်ဖို့ မလိုအပ်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ