ငြိမ်နေတာက ပိုဆိုးမယ်လို့ ဂျွန်ကယ်ရီ ဆို

  • 9 စက်တင်ဘာ 2013
Image caption အမေရိကန်နဲ့ ယူကေ နိုင်ငံခြားရေးဝန်ကြီး ၂ဦး

ဆီးရီးယား အစိုးရ တပ်တွေရဲ့ ဓာတုလက်နက်နဲ့ အသုံးပြု တိုက်ခိုက်ခဲ့မှုအပေါ် ဘာမှ တုံ့ပြန် ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင် အရေးယူ ဆောင်ရွက်တာထက်ကို ပိုပြီး အန္တရာယ် ကြီး ထွားလာလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဆီးရီးယား အပေါ် စစ်ရေးအရ အရေးယူ ဆောင် ရွက်ရေး ထောက်ခံမှု ပိုမိုရရှိဖို့ သူ့ရဲ့ သံတမန်ခရီးစဉ် နောက်ဆုံး ခရီးတစ်ထောက်အဖြစ် လန်ဒန်မြို့မှာ မစ္စတာ ကယ်ရီက ပြောကြားသွားတာ ဖြစ်ပါတယ်။

ဘာမှာမလုပ်ဘဲ ငြိမ်နေတာဟာ သမ္မတ အာဆတ်အပြင် အီရန်နဲ့ နောက်ဆုံး ဟစ်ဇ်ဘိုလာ တွေကိုပါ ခင်ဗျားတို့ လုပ်ချင်တာ လုပ်ကြပါဆိုပြီး ကောင်းချီးပေးသလို ဖြစ်စေလိမ့်မယ်လို့ သူက ပြောကြားပါတယ်။

အာဆတ် အစိုးရကနေ လက်စားချေ တုံ့ပြန်တာတွေ လုပ်လာမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း မစ္စတာ ကယ်ရီက ပယ်ချလိုက်ပါတယ်။